မက်မန်းမြို့၌ ကျေးရွာဖွံဖြိုးတိုးတက်းရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အသေးစားရေအား လျှပ်စစ်ဖွင့်လှစ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့၌ ကျေးရွာဖွံဖြိုးတိုးတက်းရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အသေးစားရေအား လျှပ်စစ်ဖွင့်လှစ်ပွဲကျင်းပ

 

MNP - ဇူလိုင်   ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကျေးလက် ဒေသဖွံ့ဖြိုး တိုးရေးဦးစီးဌာနမှ ပြည်သူများလူနေမှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ခဲ့သော အသေးစားရေအား လျှပ်စစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဆွတ်ဝိုးကျေးရွာ အုပ်စု၊ ရောင်ပန်ကျေးရွာ၌ ပြုလုပ်သည်။


အဆိုပါ အသေးစားရေအားလျှပ်စစ်ဖွင့်ပွဲကို မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မက်မန်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်) ရဲမှူး ညွှန့်ဝင်းနှင့် ရောင်ပန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောနန္ဒာတို့က ကျေးရွာ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်ပြီးစီးခဲ့သော (8KW) အသေးစားရေအား လျှပ်စစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြသည်။


ထို့နောက် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရောင်ပန်ကျေးရွာရှိ  အခြေခံမူတန်းကျောင်းခန်းမ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့် စီမံကိန်းလုပ်ငန်းများ သုံးသပ်ပွဲသို့ တက်ရောက်ကာ ဒေသခံပြည်သူများ၏ လိုအပ်ချက် များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး မက်မန်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆန်းမင်းက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု မှတ်တမ်းလွှာအား စီမံကိန်းအဖွဲ့ဝင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းရွှေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)