လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်လှစ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်လှစ်ပေး

 Home



MNP - ဇူလိုင်   ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၉) စက်မှုလယ်ယာစခန်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်ပွဲကို ယနေ့မွန်းလွဲ ၁၂:၃၀ နာရီ အချိန်ခန့်က အဆိုပါ စက်မှုလယ်ယာဦး စီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စက်မှုလယ်ယာဦးစီးမှူး  ဦးမင်းဇော်က အဖွင့်အမှာစကား ပြောကြားပြီး၊ သင်တန်းမှုး ဦးစီးမှုး ဦးကျော်မျိုးဝင်းက သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှုး ဦးကျော်ကျော်မြင့်က သင်တန်း အချိန်ဇယားများ ပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှုး ဦးမင်းဇော်က သင်တန်းအထောက်အကူပြု ပစ္စည်းများနှင့် သင်တန်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်ခဲ့သည်။


ကျောင်းကုန်းမြို့နယ်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုသုံးစွဲလာသည့် ထွန်စက်ကြီး၊ စပါးရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်နှင့် လက်တွန်းထွန်စက်များအား  တောင်သူများ အနေဖြင့် စနစ်တကျ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန်၊ စက်ကိရိယာများအား စနစ်တကျကြံ့ခိုင်မှု ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ တောင်သူ သင်တန်းသား (၃၀)ဦးဖြင့်သင်တန်းကို (၁၂)ရက် ပို့ချသွားမည်ဖြစ်ပြီး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ သင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သင်ယူခြင်းဖြင့်  တောင်သူပိုင်လယ်ယာသုံး စက်ကိရိယာ များအား မောင်းနှင်ရာတွင် ကျွမ်းကျင်၍ စနစ်ကျနမှုရှိခြင်း၊ အန္တရာယ် လျော့နည်းစေခြင်း၊  စက်များပျက်စီးမှု နည်းပါးစေခြင်းနှင့် စက်အပိုပစ္စည်း ဝယ်ယူသုံးစွဲစရိတ် လျော့ချနိုင်ခြင်း၊ လုပ်ငန်းခွင်တွင် စက်စွမ်းအားပြည့် ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ  ရရှိမည် ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမင်းဇော်က ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)