မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား e-ID စနစ်အတွင်း အိမ်ထောင်စုအချက်အလက်များအား ဖြည့်သွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား e-ID စနစ်အတွင်း အိမ်ထောင်စုအချက်အလက်များအား ဖြည့်သွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်

 



MNP - ဇူလိုင် ၁၈


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက် များအား software program ဖြင့် Data base သို့ ရေးသွင်းဆောင်ရွက်ခြင်းကို ဇူလိုင်လ(၁၈)ရက်နံနက်ပိုင်းတွင် ဆင့်ပွားသင်တန်းပေးပြီး စာရင်းဖြည့်သွင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နိုင်ငံသားအားလုံးအား electronic system ဖြင့် smart card ထုတ်ပေးနိုင်ရေး၊ လူဦးရေစာရင်း တိကျမှန်ကန်စေရေးနှင့် မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် တိကျမှန်ကန်သော မဲစာရင်းများရရှိစေရေးတို့အတွက် ရည်ရွယ်၍ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များအား software program ဖြင့် Data base သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။


မြိတ်ခရိုင်အတွင်းရှိ နိုင်ငံသားများ၏ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်းလုပ်ငန်းကို ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်များမှ အိမ်ထောင်စုစာရင်း စုစုပေါင်း(၁.၂)သိန်းကျော်၏ အိမ်ထောင်စုလူဦးရေစာရင်းများအား (၂)လအတွင်းပြီးစီးအောင် မှတ်တမ်းရေးသွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Software Program ဖြင့် အိမ်ထောင်စုအချက်အလက်များအား စာရင်းရေးသွင်းခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး Software Program အသုံးပြု၍ Data base သို့ ရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ဆင့်ပွားသင်တန်းပေးခဲ့ကြသည်။ ဆင့်ပွားသင်တန်းတွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဉာဏ်ဇော်က စာရင်းရေးသွင်းကူညီဆောင်ရွက်ပေးသည့် ဝန်ထမ်းများအား စာရင်းများကို သေသေချာချာ ဂရုတစိုက် ဖြည့်သွင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။


မြိတ်ခရိုင်အတွင်းရှိ နိုင်ငံသားများ၏ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) အချက်အလက်များအား စာရင်းရေးသွင်းဆောင်ရွက်ခြင်းကို မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်၏ အိမ်ထောင်စုစာရင်များကို မြိတ်တက္ကသိုလ်တွင် ရေးသွင်းဆောင်ရွက်လျက်ရှိပြီး ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်ရှိ နိုင်ငံသားများ၏(ပုံစံ-၆၆/၆) အချက်အလက်များအား သက်ဆိုင်ရာမြို့နယ်များတွင် ရေးသွင်းဆောင်ရွက်လျက်ရှိကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးများက ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)