သီပေါမြို့နယ်တွင် နေကြာမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ခြင်းကွင်းသရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်တွင် နေကြာမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ခြင်းကွင်းသရုပ်ပြပွဲကျင်းပ

 

MNP - ဇူလိုင်   ၁၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့ဟောင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၏ သီပေါဥယျာဉ်ခြံ တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က နေကြာမျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာသင်တန်းပေးခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပင် ထယ်ထိုးမြေမြှုပ်ခြင်း လက်တွေ့ ကွင်းဆင်း သရုပ်ပြခြင်း အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေးကဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စားသုံးဆီဖူလုံနိုင်မည် ဖြစ်ကြောင်း၊ နေကြာအား သီးသန့် စိုက်ပျိုးခြင်းသာမက သီးထပ်၊သီးညှပ်ပါစိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးရန် အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်း၊ အချိန်တိုအတွင်း အကျိုးအမြတ် ရရှိနိုင်သည့်သီးနှံဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းဖွင့် လှစ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း စသည်ဖြင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သီပေါမြို့နယ် တာဝန်ခံဥယျာဉ်ခြံဦးစီးမှူး၊ မြို့နယ်နှင့် ဥယျာဉ်ခြံမှ စိုက်ပျိုးရေးဝန်ထမ်းများက ဒေသခံတောင်သူများအား နေကြာမျိုးစေ့ထုတ်ခြင်းနည်း အသိပညာပေးခြင်းနှင့်  ပိုက်ဆံလျှော်ပင် ထယ်ထိုး မြေမြှုပ်ခြင်းများကို တောင်သူများအား လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြပြီး တောင်သူများမှ စိတ်ပါဝင်စားစွာကြည့်ရှု၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများအား စိုက်ပျိုးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ၊ကျောက်မဲခရိုင် ခရိုင်ဦးစီးမှူး၊ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ၊ ဥယျာဉ်ခြံဦးစီးမှူး၊ မြို့နယ်နှင့်ဥယျာဉ်ခြံမှ စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)