MNP ၊ ဇူလိုင် ၁၈
NUG အကြမ်းဖက်အဖွဲ့၏ အွန်လိုင်းပညာရေးစနစ် Kaung For You ကျောင်းအတွက် ပြည်တွင်းမှ ဦးဆောင်လှုပ်ရှားသူ ကောင်းသိုက်စိုး( CDM လက်ထောက်ပညာရေးမှူး) အပါအဝင် CDM ကျောင်းဆရာ ၂ဦး ကို အောင်ပန်းမြို့ ပြည့်တန်ဆာခန်းတစ်ခုမှ ဖမ်းမိခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသားမိဘများကို အရေးယူမည်ဟူသော ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန် ရေးသားဖြန့်ဝေမှုများနှင့် ပတ်သက်၍ ဖြေကြားစဉ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလူတွေနဲ့ ပတ်သက်လို့ ပြည်ဖျက်မီဒီယာတွေက သူရဲကောင်းကြီးတွေ သဖွယ် လုပ်နေတာကို တွေ့ရကြောင်း ထည့်သွင်းပြောကြားသွားသည်။
ကျောင်းသား၊ ကျောင်းသားမိဘများကို အရေးယူရန် မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက "ကျွန်တော့်အနေနဲ့ ပထမဦးဆုံး ပြောကြားချင်တာက အစိုးရအနေနဲ့က ကျွန်တော်တို့ အခမဲ့ ပညာရေးစနစ်ပေါ့နော်။ ကျောင်းတွေဖွင့်လှစ်နိုင်အောင်လို့ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ကိုဗစ် ကာလတောင်မှပဲ ကျွန်တော်တို့ ဖွင့်ပေးခဲ့တယ်။ အဓိကတော့ ပညာရေးမြှင့်တင်ရေး၊ နိုင်ငံအနေနဲ့ ပြည်သူလူထုအနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး အခမဲ့ ပညာရေးစနစ်ကို ကျွန်တော်တို့ ကျင့်သုံးခဲ့တယ်။ အားလုံး ကျွန်တော်တို့ ပြဋ္ဌာန်းစာအုပ်တွေ၊ ဗလာစာအုပ်တွေ သင်ထောက်ကူပစ္စည်းတွေ ကျွန်တော်တို့ အခမဲ့ ဖြန့်ဝေပေးခဲ့တယ်။ အဲဒီလို အချိန်မျိုးမှာ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားမှုနဲ့ သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဆရာ၊ ဆရာမတွေ CDM လုပ်ကြတယ်။ ဒီထဲမှာလည်း ကျွန်တော်တို့ အစိုးရအနေနဲ့ CDM လုပ်တဲ့ အချို့သော ဆရာ၊ ဆရာမတွေကို ဝန်ထမ်းစည်းမျည်းနဲ့အညီ ပြန်လည်လက်ခံခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါမျိုးတွေ လုပ်တဲ့အထဲမှာ တချို့ကတော့ ဒီအချိန်ထိပေါ့ဗျာ အပြင်ဘက်ကနေပြီး အွန်လိုင်းပညာရေးလိုဟာမျိုး ဆောင်ရွက်နေတာ ရှိပါတယ်။ ဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့ စစ်ဆေးကြည့်တဲ့အခါမှာ ငွေရေးကြေးရေး ကောက်ခံခဲ့ကြောင်း တွေ့ရပါတယ်။ ငွေရေးကြေးရေး ကောက်ခံပြီးတော့မှ နောက်ပိုင်း ငွေရေးကြေးရေး အခက်အခဲ ရှိရင်တောင်မှ ကျောင်းသားတွေ၊ မိဘတွေရဲ့ အချက်အလက်တွေ သူတို့ထဲမှာ ရှိတဲ့အတွက်ကြောင့် မပေး ပေးအောင် ခြိမ်းခြောက်ခဲ့ကြောင်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပထမဆုံး အလေးအနက်ထား ပြောကြားလိုတာက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဒီနေရာမှာ ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေကို ကျွန်တော်တို့ အရေးယူရန် မရှိဘူးလို့ပဲ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်။" ဟု ဖြေကြားထားသည်။
ဖာခန်းမှ ဖမ်းမိသော NUG ကျောင်းဆရာများကို ပြည်ဖျက်မီဒီယာများက သူရဲကောင်းကြီးတွေသဖွယ် လုပ်နေကြောင်း "ဖမ်းမိခဲ့တဲ့ အဖွဲ့အစည်းတစ်ခုကိုပဲ ကျွန်တော်တို့ ထောက်ပြတာ ဖြစ်ပါတယ်။ Kaung For You ဆိုတဲ့ အဖွဲ့သည် ကောင်းသားမိဘတွေဆီက ငွေကောက်ခံတယ်။ ဖမ်းမိတဲ့အချိန်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့မှာ ဖမ်းမိခဲ့တယ်။ ဖမ်းမိတော့လည်း ကျွန်တော်တို့ သတင်းထုတ်ပြန်တဲ့အတိုင်းပဲ အခကြေးငွေယူပြီး အမျိုးသမီးတွေနဲ့ ပျော်ပါးတဲ့ နေရာမှာ သုံးနေတာ တွေ့ရတယ်။ ဓာတ်ပုံအထောက်အထားတွေနဲ့ ကျွန်တော်တို့ ဖော်ပြပြီး ဖြစ်ပါတယ်။ ဒါကို ပြည်ဖျက်မီဒီယာတွေက သူရဲကောင်းကြီးတွေသဖွယ် လုပ်နေတာ တွေ့ရတယ်။" ဟု ဖြေကြားထားသည်။
ထိုကဲ့သို့ လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက "ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေကို သိမ်းသွင်းနေတာ တွေ့ရတယ်။ ပိုပြီးဆိုးတာက ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေကို အစိုးရအနေနဲ့ ဖမ်းဆီးလိမ့်မယ်လို့ လှုံ့ဆော်နေပြီး တချို့သော အဲဒါကို စောင့်စားနေတဲ့ EAO တွေ၊ PDF အမည်ခံ အကြမ်းဖက်သမားတွေကလည်း သူတို့ဆီလာပါ၊ ခိုလှုံပါ ဆိုတာမျိုး တွေ့ရပါတယ်။ သူတို့ဘာကြောင့် ဒီလိုမျိုးလုပ်နေလဲ။ လုပ်ရတဲ့အကြောင်းကတော့ သူတို့တွေ မဟုတ်တာလုပ်တာတွေကို ကျွန်တော်တို့အနေနဲ့ ဖော်ထုတ်နိုင်တယ်။ သက်သေအထောက်အထားလည်း ပြနိုင်တဲ့အခါမှာ သူတို့အနေနဲ့ ဒါကို ပြန်ပြီး အဖတ်ဆည်တာမျိုး ဖြစ်တယ်။ နံပါတ် ၂အချက်ကတော့ သူတို့အနေနဲ့ အင်အားနည်းပါးနေတာ ရှိတယ်။ ပြိုကွဲနေတာ ရှိတယ်။ သူတို့မဟုတ်တာ လုပ်တာတွေကို ပြည်သူတွေအနေနဲ့ သိတဲ့နောက်မှာ ပြည်သူတွေအနေနဲ့ သူတို့ကို ဆန့်ကျင်လာတယ်။ ဒါတွေကို အဖတ်ဆည်နိုင်ဖို့အတွက် လုပ်ခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ၅၀၅ နဲ့ တရားစွဲခံရတဲ့သူတွေ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေထဲက လမ်းမှားရောက်နေတဲ့သူတွေထဲက ရာဇဝတ်မှု မကျူးလွန်တဲ့သူတွေတောင် လက်ခံနေတာ ဖြစ်ပါတယ်။ ယခု လက်ရှိအခြေအနေထိ ကျွန်တော်တို့ အနေနဲ့ ရာဇဝတ်မှု မကျူးလွန်ခဲ့တဲ့ PDF အဖွဲ့ထဲရောက်ပြီး လမ်းမှားရောက်နေတဲ့ လူငယ်တွေ လက်ခံပြီးတော့ မိဘတွေထံ ပြန်လည်အပ်နှံနေတာ အယောက် ၂၅၀ နီးပါး ရှိပြီး ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု၊ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အာမခံထားတာ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်တည်ဆောင်ရေးကို ဝိုင်းဝန်းလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ လက်ခံနေတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဦးစီးဦးဆောင်လုပ်နေတဲ့ သူတွေ၊ ဒီဖြစ်စဉ်မှာ လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတဲ့ လူတွေမှ အပ၊ သွေးဆောင်ဖျားယောင်းခံရတဲ့ မိဘတွေ၊ ကျောင်းသားတွေကို အရေးယူဖို့ မရှိပါဘူးလို့ပဲ ကျွန်တော် ပြောလိုပါတယ်။ ကျောင်းသားများ၊ မိဘများ အနေနဲ့ကလည်း မိမိတို့သားသမီးတွေအတွက် ပညာရေးကို နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်ကြဖို့၊ မိမိ မိသားစုအရေးကို နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်ကြဖို့ အသိပေးပြောကြားလိုပါတယ်ဗျ။" ဟု ဖြေကြားထားသည်။
ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်၍ Kaung For You ပညာရေးစနစ်ကို ပြည်တွင်းမှ ဦးဆောင်အကောင်အထည်ဖော်သူ CDM လက်ထောက်ပညာရေးမှူး ကောင်းသိုက်စိုး၊ CDM မူလတန်းပြ ဝင်းဗိုလ်(ခ) ဘိုဘို နှင့် CDM မူလတန်းပြ သန့်စင်ထိုက် တို့ (၃)ဦးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်ရှိ ပြည့်တန်ဆာ အခန်းတွင် အမျိုးသမီးများနှင့်အတူ သောက်စားပျော်ပါးနေချိန်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment