မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက် ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက် ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ



MNP - ဇူလိုင်   ၁၈


ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်နှင့် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အမျိုးသမီးဗိုလ်လုပွဲစဉ်အဖြစ် သတ္တဗေဒဘာသာရပ်အသင်းနှင့် အရှေ့တိုင်းပညာ ဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သတ္တဗေဒဘာသာရပ်အသင်းက အနိုင်ရရှိ ဗိုလ်ဆွဲနိုင်ခဲ့ပြီး အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် သင်္ချာဘာသာရပ်အသင်းနှင့် ပထဝီဝင်ဘာသာရပ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပထဝီဝင်ဘာသာရပ်အသင်းက အနိုင်ရရှိ ဗိုလ်ဆွဲနိုင်ခဲ့သည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ အမျိုးသား အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ အမျိုးသမီးအားကစားသမားဆုတို့ကို လည်းကောင်း တတိယ၊ ဒုတိယ ရရှိသည့် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့အား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း ပထမရရှိဗိုလ်ဆွဲနိုင်ခဲ့သည့် ပထဝင်ဝီဘာသာရပ် အမျိုးသားအသင်းနှင့် သတ္တဗေဒဘာသာရပ် အမျိုးသမီးအသင်းတို့အား တံခွန်စိုက်ဒိုင်း၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲကို ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ယော်ဆောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)