ပူတာအိုမြို့၌ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းသား/သူများ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ပြတိုက်များတွင် လက်တွေ့ကွင်းဆင်းရိုက်ကူး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအိုမြို့၌ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းသား/သူများ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ပြတိုက်များတွင် လက်တွေ့ကွင်းဆင်းရိုက်ကူး

 


MNP - ဇူလိုင်   ၁၈


ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အရည်အသွေးရှိ သောသတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ် ပေးပို့တင်ပြနိုင်ရေးနှင့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် ဖွင့်လှစ်သော သတင်းဗွီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းသား/သင်တန်းသူများသည် ဇူလိုင်(၁၈)ရက် နံနက်ပိုင်းက ပူတာအိုမြို့ မြို့မရပ်ကွက် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းရှိ ပြခန်းများတွင် လက်တွေ့ကွင်းဆင်း၍ သတင်းရယူ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။


ရှေးဦးစွာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုးနှင့် သုတေသနနှင့်ပညာပေး လုပ်ငန်းတာဝန်ခံ တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်တို့က သင်တန်းသားသင်တန်းသူများအား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာပေးပြခန်းတွင် ပြသထားသည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တည်နေရာပြမြေပုံ၊ ကမ္ဘာ့ရွေ့ ပြောင်းဌက်များပျံသန်းရာ လမ်းကြောင်းပြမြေပုံ၊ ပူတာအိုဒေသရှိ သဘာဝတောကောင်နှင့် ရေခဲတောင်အလှတရားများ၊ နို့တိုက်သတ္တဝါများ၊ ဌက်မျိုးစိတ်များ၊ သစ်ခွမျိုးများနှင့် ပရဆေးပင်များ၊ သဘာဝအခြေခံခရီးသွားအခွင့်အလမ်း မှတ်တမ်းများ၊ ထိန်းသိမ်းရေးလုပ်ငန်း မှတ်တမ်းများ၊ ခါကာဘိုရာဇီဒေသနှင့် ဂေဟစနစ်အရေးပါမှုတို့ကို လိုက်လံရှင်းလင်းပြသခဲ့ကြသည်။


ဆက်လက်၍ ပူတာအိုမြို့ မြို့မရပ်ကွက် ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်အတွင်း မြန်မာ-ကိုးရီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၉-ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ သုတေသနစခန်းတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းရှိ သားဌက်တိရစ္ဆာန်များ၊ လိပ်ပြာများနှင့် အမျိုးသားဥယျာဉ်အတွင်း ကင်မရာထောင်ချောက်ဖြင့် ရိုက်ကူးထားသော ဗွီဒီယိုကလစ်များကို ကြည့်ရှုလေ့လာအားပေးခဲ့ကြသည်။


ထို့နောက် သင်တန်းသားသင်တန်းသူများသည် သတင်းဗွီဒီယိုရိုက်ကူးခြင်း နည်းပညာများနှင့် ပေါင်းစပ်၍  ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာပေးပြခန်းနှင့် သုတေသတန စခန်းတို့တွင် လေ့လာထားရှိမှုများနှင့် ပတ်သက်၍ သိလိုသည်များကို မေးခွန်း မေးမြန်းခဲ့ကြပြီး  သုတေသနနှင့်ပညာပေးလုပ်ငန်း တာဝန်ခံတောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်က မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားပေးမှုများကို သတင်းဗွီဒီယိုဖိုင်များ လက်တွေ့ရိုက်ကူး ခဲ့ကြကြောင်းသိရသည်။


သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)