ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - ဇူလိုင်  ၁၈


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်သော ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီ၏ အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင် ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ငြိမ်းမှ အဖွင့်အမှာ စကား ပြောကြားပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်ကြီး ဦးသူရနိုင်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ မိသားစုအတွက် ပိုမိုကောင်းမွန်သော အသက် မွေးဝမ်းကျောင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရေး၊ လုပ်ငန်းခွင်ဝင်ရောက်နေသော ကလေးများ အား မိမိဘဝရပ်တည်နိုင်စေရေး၊ မိသားစုဝင်ငွေတိုးတက်ရေး၊ အန္တရာယ်ရှိသော အလုပ်များတွင် ကလေး အလုပ်သမားများ ပပျောက်စေရေးတို့အတွက် သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ဇူလိုင်လ (၁၈) ရက်နေ့မှ ဩဂုတ်လ (၁၅)ရက်နေ့ထိ (၁)လကြာ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်း သား စုစုပေါင်း (၂၀)ဦး တက်ရောက်ကြကြောင်း သတင်း ရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)