MNP - ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ဇူလိုင် (၁၇)ရက်နေ့အထိ ကျောင်းသားကျောင်းသူ(၃၁၃၀၅)ဦးအား ထိုးနှံပေးပြီးကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူလေးများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် ကျောင်းသား/ကျောင်းသူ(၂၆၉၂၂)ဦး၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် (၁၈၂)ဦးနှင့် ကိုယ်ပိုင်ကျောင်းများတွင်(၉၀)ဦး ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်း လျာထားသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ အခြေခံပညာကျောင်းများတွင် လျာထားချက်ထက်(၄၃၈၃)ဦးပို၍ (၃၁၃၀၅)ဦး ထိုးနှံပြီးစီးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့်(၁၁၅.၁၁)ရာခိုင်နှုန်း ထိုးနှံပြီးစီးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဆရာ/ဆရာမများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာ မများနှင့် ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။၊
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment