MNP - ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အမှတ်(၃၁) အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ယနေ့ နံနက် (၉) နာရီအချိန်က ပြန်လည်နေရာချထားရေးရပ်ကွက်၊ ရေကြည်အိုင်၊ ဇေယျမင်္ဂလာဘုန်းတော်ကြီးစာသင်တိုက်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပတ္တမြားကျေးလက် ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အမှတ် (၃၁) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား (၂၃၄) ဦးနှင့် ကျောင်းသူ (၁၉၁) ဦး စုစုပေါင်း (၄၂၅) ဦး တို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပတ္တမြားကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးမှူး ဦးဟောက်ခန်းခိုင်နှင့် ဆရာမများက ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကိုစစ်ဆေး၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးချိန်တွင် အမှတ်(၃၁)အခြေခံပညာမူလတန်းကျောင်းမှ ဆရာမကြီး ဒေါ်သီသီအောင်နှင့် ဆရာ၊ ဆရာမများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရှင်သန်ရေးပရဟိတအဖွဲ့များ၊ ရပ်မိရပ်ဖများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း - မြတ်သူဇာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment