မိုင်းပျဉ်းမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး



MNP - ဇူလိုင်   ၁၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့၊ အထကခွဲကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့မွန်းလွှဲ(၁)နာရီမှစ၍ အဆိုပါစာသင်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မိုင်းပျဉ်းမြို့၊ အထကခွဲစာသင်ကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် ပထမအကြိမ် အဖြစ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို သက်ဆိုင်ရာအတန်းအလိုက် ဆရာ/မများက  မိဘအုပ်ထိန်းသူများ၏ ဆန္ဒသဘောထားများရယူကာ သတ်မှတ်ပုံစံတွင် စာရင်းရေးသွင်း၍ ကျန်းမာရေးဌာနဝန်ထမ်းများက ကိုဗစ်−၁၉ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။


မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးရာတွင် ကျောင်းသား (၁၇)ဦး၊ ကျောင်းသူ(၂၆)ဦး၊ စုစုပေါင်း(၄၃)တို့ ထိုးနှံခဲ့ကြကြောင်း အထကခွဲကျောင်းမှ သတင်းရသည်။


သတင်း - နန်းသန္တာဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)