MNP - ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အမှတ် (၂) ရပ်ကွက်တွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့ နံနက်(၈)နာရီအချိန်က အခမဲ့ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးမှုကို တံတားမြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်နော်အေးအေးမွန်က မိုးရာသီတွင်ဖြစ်ပွားတတ်သော တုတ်ကွေးရောဂါ အကြောင်း သိကောင်းစရာများကို တိုင်းရင်းဆေးနည်းဖြင့် ကုသပုံများ၊ လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များ၊ စားသုံးသင့်သော အစားအစာများအကြောင်းကို ရပ်ကွက်နေပြည်သူများအား အကျယ်တဝင့် ရှင်းလင်းဟောပြောပြီးနောက် အထွေထွေရောဂါ ဖြစ်ပွားကြသော လူနာများအား ကြပ်ထုပ်ထိုးခြင်း၊ ဆေးစည်းခြင်း၊ ဆေးကပ်ခြင်းနှင့် သောက်ဆေးများပေးခြင်းကို မွန်မြတ်သောစေတနာဖြင့် ကုသဆောင်ရွက်ပေးခဲ့ရာ အမှတ် (၂) ရပ်ကွက် အတွင်းရှိ ကျား (၁၀)ဦး၊ မ (၂၀)ဦး၊ စုစုပေါင်း (၃၀) ဦး တို့ ဆေးကုသမှုခံယူခဲ့ကြကြောင်း သိရသည်။
သတင်း - မိုးဖြူလွင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment