မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်(၅)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်(၅)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

 




MNP - ဇူလိုင်  ၁၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်(၅)မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မင်းဘူးခရိုင် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ဦးစွာဖွင့်ပွဲအခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားရာ မျိုးဆက်သစ်လူငယ်ဘောလုံးအားကစားသများ ထွက်ပေါ်လာစေရေးနှင့် ခရိုင်လက်ရွေးစင် အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်သည့် ဘောလုံးအားကစားသမား ကောင်းများ ထွက်ပေါ်လာစေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဘောလုံးားကစားနည်းသည် ကမ္ဘာပေါ်တွင်သာမက မြန်မာပြည်တွင်လည်း ကလေးလူကြီးမရွေး အားလုံးကြိုက်နှစ်သက်သည့် အားကစားနည်းဖြစ်တာကြောင့် သန့်သန့်ရှင်းရှင်း စည်းကမ်းရှိစွာဖြင့် အနာဂတ် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားကြစေလိုပါကြောင်းပြောကြားပြီး  မြို့နယ်(၅) မြို့နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး အုပ်စုပတ်လည်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် စလင်းမြို့နယ်အသင်းနှင့် ငဖဲမြို့နယ်အသင်းတို့ စတင်ယှဉ်ပြိုင် ကစားခဲ့ကြရာ အဆိုပါယှဉ်ပြိုင်ကစားနေမှုအား မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အတွင်းမှ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဖွင့်ပွဲစဉ်တွင် ငဖဲမြို့နယ်ဘောလုံးအသင်းက (၄ - ၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


၂၀၂၂ ခုနှစ်၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်(၅)မြို့နယ် အမျိုးသား ဘောလုံးပြိုင်ပွဲကို မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်များမှ အသက်(၁၆)နှစ်အောက် ဘောလုံးအားကစားသမားများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အုပ်စုပတ်လည် ပြိုင်ပွဲများကို ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်နေ့အထိလည်းကောင်း၊ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီခွဲအချိန်တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)