ဇီးကုန်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အား e-ID စနစ်ဖြင့် ကွန်ပျူတာ software ဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အား e-ID စနစ်ဖြင့် ကွန်ပျူတာ software ဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေး

 




MNP - ဇူလိုင်  ၁၈


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးသည် ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အတူ  ယနေ့ နေ့လည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရုံး၌ ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အား e-ID စနစ်ဖြင့် ကွန်ပျူတာ software ဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ဆောင်ရွက်ပြီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များအား အခြေခံ၍ တိကျမှန်ကန်သော အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ဖြစ်စေရေးအတွက် Program စနစ်တစ်ခုဖြင့် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိနိုင်ရန်လိုအပ်လာလျှင်လည်းကောင်း၊ မှန်ကန်တိကျသော အထောက်အထားများကို အမြန်ဆုံးသိရှိ အထောက်အကူဖြစ်စေရန်အတွက် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များအား Software Program ထည့်သွင်းနိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်း (၂၄) ဦးက ဆောင်ရွက်လျက်ရှိပြီး၊ ဇီးကုန်းမြို့နယ် အတွင်းရှိ အိမ်ထောင်စု (၁၆၈၅၇) စုကို ကွန်ပျူတာ ၁၂ လုံးဖြင့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ကာရက်ပေါင်း ၃၀ အတွင်း e-ID စနစ်ဖြင့်  ကွန်ပျူတာ software အတွင်း ဖြည့်သွင်းခြင်းကို ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ကျော်မိုးက ရှင်းလင်းပြသခဲ့သည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)