သရက်မြို့၌ သဘာဝဘေး လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ သဘာဝဘေး လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပ



MNP - ဇူလိုင်   ၁၀


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေး လျော့ပါးရေးအသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ(၈)ရက် မွန်းလွဲ (၁)နာရီက ထုံးတောင်အုပ်စု၊ လေးတိုင်စဉ်ရပ်ကွက်၊ ရွှေမုဌော ဓမ္မာရုံတွင် ကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက သဘာဝဘေးကြောင့် ပျက်စီဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ထောက်ပံ့နှုန်းထားများနှင့် ငလျင်ဘေးအတွက် ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာ ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ငလျှင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့် အချက်များကို အသိပညာပေး ဟောပြောပေးခဲ့သည်။


ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစစ်နိုင်ထွန်းက ရေဘေးအတွက် ကြိုတင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီး ဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များနှင့်ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့် အချက်များကို ဟောပြောပေးခဲ့သည်။


ယင်းနောက် တက်ရောက်လာသူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများက ရေဘေး အသိပညာပေး လက်ကမ်းစာစောင်၊ ငလျင်ဘေးအသိပညာပေး လက်ကမ်းစာစောင်နှင့် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)