ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး






MNP - ဇူလိုင်   ၁၀


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှင့် မြို့များအား “CLEAN CITY ၊ GREEN CITY” ဖြစ်စေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်း၌ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူလူထုများနှင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ဝင်များ၏ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။


ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တက္ကသိုလ်သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် ခြုံနွယ်များရှင်းလင်းရန်၊  ပန်းအလှပင်များ၊ အရိပ်ရအပင်များစနစ်တကျ စိုက်ပျိုးရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပုသိမ်တက္ကသိုလ် စာကြည့်တိုက် ဆောက်လုပ်ပြီးစီးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် အဝေးသင်ဒုတိယနှစ် ရူပဗဒကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများကို ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)