MNP - ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပကြောင်းသိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်စကားပြောကြားရာတွင် ကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်တွင်ပညာရေးသာမက အားကစားဘက်တွင်လည်း ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများအဖြစ် ပေါ်ထွန်းလာရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများဖြစ်သည်သာမက ကျန်းမာကြံ့ခိုင်သည့်လူငယ်လူရွယ်များ အဖြစ်လည်း အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အနိုင်ရရှိရေးထက် အားကစားစိတ်ဓါတ်ဖြစ်သည့် ယှဉ်ပြိုင်ခြင်းသာ အဓိကဖြစ်ကြောင်းနှင့် ပိုက်ကျော်ခြင်း အားကစားနည်း သမိုင်းကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အုပ်စု(က) သင်္ချာ ၊ မြန်မာစာ ၊ သမိုင်း ၊ အုပ်စု(ခ) သတ္တဗေဒ ၊ ရူပဗေဒ ၊ အင်္ဂလိပ်စာ ၊ အုပ်စု(ဂ) ဓါတုဗေဒ ၊ အရှေ့တိုင်းပညာ ၊ အုပ်စု (ဃ) ရုက္ခဗေဒ ၊ ဒဿနိကဗေဒ နှင့် ပထဝီဝင် ပြိုင်ပွဲဝင်အသင်းပေါင်း ၁၂ သင်းနှင့် ပြိုင်ပွဲဝင်ရေး ၆ဝ ဦး ပါဝင်ယှဉ်ပြိုင်ကစားပြီး ပြိုင်ပွဲအား ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့ အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်း- ချမ်းသာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment