မန္တလေးမြို့တွင် အရေးတော်ပုံအောင်ရမည် ဆိုသော အကြမ်းဖက်လှုပ်ရှားသူ ၂ဦး ဖမ်းမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးမြို့တွင် အရေးတော်ပုံအောင်ရမည် ဆိုသော အကြမ်းဖက်လှုပ်ရှားသူ ၂ဦး ဖမ်းမိ


MNP ၊ ဇူလိုင် ၁၈

မန္တလေးမြို့တွင် ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့၏ ဝါဒဖြန့်လှုံ့ဆော်မှုများကြောင့် ဆူပူအကြမ်းဖက် လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်သမားလေးများက အရေးတော်ပုံအောင်ရမည် ဟူသော စာတမ်းလာကပ်စဉ် အကြမ်းဖက်လှုပ်ရှားသူ ၂ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်၊ ရတနာပုံတက္ကသိုလ်လမ်းရှိ  တံတားပေါ်တွင် "အာဇာနည်နေ့ဒို့မမေ့၊ အရေးတော်ပုံအောင်ရမည်" စာသားပါ အကြမ်းဖက်လှုံ့ဆော်စာလာကပ်သည့်  အကြမ်းဖက်လှုပ်ရှားသူ (၅)ဦး အနက်မှ နှစ်ဦး ဖမ်းမိထားပြီး ကျန်(၃)ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ပြေးNUG အကြမ်းဖက်သမားများ၏ လှုံ့ဆော်မှုကြောင့် အဆိုပါ အကြမ်းဖက်သမားများကို ထောက်ခံသူများက ပြည်တွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းကဲ့သို့သော လူမဆန်သည့် လုပ်ရပ်များကိုလည်း NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများက ကျူးလွန်လျက်ရှိသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)