အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာရုံဆွမ်းဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာရုံဆွမ်းဆက်ကပ်လှူဒါန်း





အမ်း၊ ဇူလိုင် ၁၉

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့နံနက်(၆) နာရီအချိန်၌ အမ်းမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၇၅) နှစ်မြောက်အာ ဇာနည်နေ့ အထိမ်းအမှတ်  ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်းဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ဓာတ်ပေါင်းစုဆရာ တော်၊ ရွာသစ်ဘုန်းတော်ကြီးဆရာတော်၊ မင်းကျောင်းဆရာတော်၊ မြတ်စွယ်တော် ဆရာတော်၊ ကျောက်ကြီးတောင်ကျောင်း ဆရာတော် ဆရာ တော် သံဃာ တော်(၅) ပါးတို့အား ပင့်ဖိတ်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ထို့နောက် မင်းကျောင်းဆရာတော် ဘုရားထံမှ (၅)ပါးသီလခံယူဆောက် တည်ခြင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ ရွှတ်ပွားသရဇ္ဇုာယ်တော်မှုသော ပရိတ်တရားတော်များကိုနာယူခြင်း၊ ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊မင်း ကျောင်းဆရာတော်ထံမှ အနုမောဒ နာတရားနှင့် ရေစက် သွန်းချတရားနာကြားကြပြီး ဗုဒ္ဓ သာသနံ  စိရံ တိဌတု(၃)ကြိမ်ရွက်ဆိုဆုတောင်း၍ အခမ်း အနားရုပ်သိမ်းကြောင်းသိရှိရသည်။

ဆက်လက်၍ ဆရာ တော် သံဃာတော်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင် ရာတာဝန်ရှိသူများက အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)