MNP ၊ ဇူလိုင် ၁၉
စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမ၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။
အာဇာနည်နေ့အကြို အသိပညာပေးဟောပြောပွဲတွင် စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်စိုးက အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စစ်တွေမြို့၊ အမှတ်(၇) အခြေခံပညာအလယ် တန်းကျောင်းမှ ဆရာ ဦးဌေးဌေးအောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ စာကြည့်တိုက်မှူး ဦးကျော်ဆန်းဝင်းတို့က အာဇာနည်နေ့အကြောင်း သိကောင်း စရာများနှင့် ရန်ကုန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီ၏ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်အကျဉ်းတို့ကို ဖတ်ကြားဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost







No comments:
Post a Comment