MNP ၊ ဇူလိုင် ၁၉
ရခိုင်ပြည်နယ် ၊ မောင်တောမြို့ မောင်နီရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ ဇူလိုင် ၁၈ ရက်နေ့ (၁၅:၄၀) မိနစ် အချိန် ဆေးရွက်ခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ရဲတပ်ဖွဲ့စု(၄၆)မောင်တော နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မောင်နီရပ်ကွက်နေ နူဟာဖစ်(မ)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ရှိ မီးဖိုချောင်အဝင် တံခါးပေါက်အနီး မြေပေါ်တွင် ချထားသော အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ ဆေးခြောက်ဟုယူဆရသည့် အရွက်ခြောက်(အစေ့ ၊ အရွက် ၊ အရိုးရောရာ)ပါ ၆၀ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါး ဆေးခြောက်များ နှင့်အတူ တွေ့ရှိသူ နူဟာဖစ်(မ) ၊ အသက်(၆၈)နှစ် (ဘ) အေရှာဒူလ္လာ မောင်တောမြို့နေသူအား မြို့မရဲစခန်းတွင် မယ(ပ) ၂၃/ ၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၆ (ဂ)အရ အမှု ဖွင့် လှစ်ကာ အရေး ယူနိုင်ရေး စီစဉ် ဆောင်ရွက် လျှက် ရှိ ပြီး ကွင်းဆက်တရားခံများအား သက်ဆိုင် ရာမှ အမြန်ဆုံး ဖမ်းဆီး နိုင်ရေး စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
သတင်း - ဝေလ(မောင်တော)
https://t.me/MyanmarNationalPost

No comments:
Post a Comment