MNP - ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြ ကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်းအမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် အခြေခံပညာတတ်ပြီး လူငယ်များ သင်တန်းတက်ရောက်ပြီးပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပြီး ဝင်ငွေရရှိစေရန်၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အထောက်အကူပြုစေရန်၊ ဆိုင်ကယ်ပစ္စည်းနှင့် ဆက်စပ်သော အခြားစက်ပစ္စည်းများကိုလည်း ပြင်ဆင်တတ်စေရန် ရည်ရွယ်ပြီး သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းသား ၂၃ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ တစ်လကြာမြင့် မည်ဖြစ်ကြောင်း ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းထံမှ သိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment