MNP ၊ ဇူလိုင် ၁၉
NUG အကြမ်းဖက်အဖွဲ့၏ Kaung For You အွန်လိုင်း ပညာရေး ဦးဆောင်လှုပ်ရှားသူ ၃ဦး ပြည့်တန်ဆာခန်းမှ ဖမ်းဆီးရမိခဲ့သည့် ဖြစ်ဉ်နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသားမိဘများကို အရေးယူဆောင်ရွက်ရန် လုံးဝမရှိကြောင်း ရှင်းလင်းပြောကြားစဉ် PDF အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိပြီး လမ်းမှားရောက်ခဲ့သူ ရာဇဝတ်မှုကျူးလွန်ထားခြင်း မရှိသူ ၂၅၀ ခန့် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ဖျက်မီဒီယာတချို့မှ ကျောင်းသား၊ ကျောင်းသားမိဘများကို အရေးယူဆောင်ရွက်လိမ့်မည်ဟု မဟုတ်မမှန် ဝါဒဖြန့် ခြောက်လှန့်မှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက " "ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေကို သိမ်းသွင်းနေတာ တွေ့ရတယ်။ ပိုပြီးဆိုးတာက ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေကို အစိုးရအနေနဲ့ ဖမ်းဆီးလိမ့်မယ်လို့ လှုံ့ဆော်နေပြီး တချို့သော အဲဒါကို စောင့်စားနေတဲ့ EAO တွေ၊ PDF အမည်ခံ အကြမ်းဖက်သမားတွေကလည်း သူတို့ဆီလာပါ၊ ခိုလှုံပါ ဆိုတာမျိုး တွေ့ရပါတယ်။ သူတို့ဘာကြောင့် ဒီလိုမျိုးလုပ်နေလဲ။ လုပ်ရတဲ့အကြောင်းကတော့ သူတို့တွေ မဟုတ်တာလုပ်တာတွေကို ကျွန်တော်တို့အနေနဲ့ ဖော်ထုတ်နိုင်တယ်။ သက်သေအထောက်အထားလည်း ပြနိုင်တဲ့အခါမှာ သူတို့အနေနဲ့ ဒါကို ပြန်ပြီး အဖတ်ဆည်တာမျိုး ဖြစ်တယ်။ နံပါတ် ၂အချက်ကတော့ သူတို့အနေနဲ့ အင်အားနည်းပါးနေတာ ရှိတယ်။ ပြိုကွဲနေတာ ရှိတယ်။ သူတို့မဟုတ်တာ လုပ်တာတွေကို ပြည်သူတွေအနေနဲ့ သိတဲ့နောက်မှာ ပြည်သူတွေအနေနဲ့ သူတို့ကို ဆန့်ကျင်လာတယ်။ ဒါတွေကို အဖတ်ဆည်နိုင်ဖို့အတွက် လုပ်ခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ၅၀၅ နဲ့ တရားစွဲခံရတဲ့သူတွေ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေထဲက လမ်းမှားရောက်နေတဲ့သူတွေထဲက ရာဇဝတ်မှု မကျူးလွန်တဲ့သူတွေတောင် လက်ခံနေတာ ဖြစ်ပါတယ်။ ယခု လက်ရှိအခြေအနေထိ ကျွန်တော်တို့ အနေနဲ့ ရာဇဝတ်မှု မကျူးလွန်ခဲ့တဲ့ PDF အဖွဲ့ထဲရောက်ပြီး လမ်းမှားရောက်နေတဲ့ လူငယ်တွေ လက်ခံပြီးတော့ မိဘတွေထံ ပြန်လည်အပ်နှံနေတာ အယောက် ၂၅၀ နီးပါး ရှိပြီး ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု၊ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အာမခံထားတာ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်တည်ဆောင်ရေးကို ဝိုင်းဝန်းလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ လက်ခံနေတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဦးစီးဦးဆောင်လုပ်နေတဲ့ သူတွေ၊ ဒီဖြစ်စဉ်မှာ လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတဲ့ လူတွေမှ အပ၊ သွေးဆောင်ဖျားယောင်းခံရတဲ့ မိဘတွေ၊ ကျောင်းသားတွေကို အရေးယူဖို့ မရှိပါဘူးလို့ပဲ ကျွန်တော် ပြောလိုပါတယ်။ ကျောင်းသားများ၊ မိဘများ အနေနဲ့ကလည်း မိမိတို့သားသမီးတွေအတွက် ပညာရေးကို နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်ကြဖို့၊ မိမိ မိသားစုအရေးကို နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်ကြဖို့ အသိပေးပြောကြားလိုပါတယ်ဗျ။" ဟု ဖြေကြားထားသည်။
ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်၍ Kaung For You ပညာရေးစနစ်ကို ပြည်တွင်းမှ ဦးဆောင်အကောင်အထည်ဖော်သူ CDM လက်ထောက်ပညာရေးမှူး ကောင်းသိုက်စိုး၊ CDM မူလတန်းပြ ဝင်းဗိုလ်(ခ) ဘိုဘို နှင့် CDM မူလတန်းပြ သန့်စင်ထိုက် တို့ (၃)ဦးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်ရှိ ပြည့်တန်ဆာ အခန်းတွင် အမျိုးသမီးများနှင့်အတူ သောက်စားပျော်ပါးနေချိန်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment