စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး မြို့နယ်၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး မြို့နယ်၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြင့်ပွဲ အခမ်းအနားတက်ရောက်

 




MNP - ဇူလိုင်   ၁၉


စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး မြို့နယ်၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊  ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။


ရှေးဦးစွာ တိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် (၆)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၆၈)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၃၆၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၅၈၄)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၃၉၂)ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံတော် အဆင့် ဝိဇ္ဇာဘာသာတွဲမှာ ပထမနှင့် ဆဋ္ဌမဆုရရှိပြီး ဝိပ္ပံဘာသာတွဲမှာ စတုတ္ထဆုရရှိသည်အထိ ထူးချွန်အောင်မြင်ခဲ့တာကို တွေ့ရှိရပါကြောင်း၊ ဒီလိုထူးချွန် အောင်မြင်အောင်လုပ်ဆောင် ကြိုးစားခဲ့သော သားငယ်/သမီးငယ်များအပြင် တိုင်းဒေသကြီးအဆင့် အောင်ချက်အကောင်းဆုံး မြို့နယ်(၃)မြို့နယ်နှင့် အောင်ချက်အကောင်းဆုံးကျောင်း (၃)ကျောင်းကိုလည်း ဂုဏ်ပြုမှတ် တမ်းတင်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်စေရန် အဓိကမှာ ပညာရေး စနစ်ဖြစ်၍ တိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများသည် အခြားတိုင်း/ပြည်နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ထက် တစ်မူထူးပြီး ကျောင်းစာသာမက စာရိတ္တအပိုင်းတွင်လည်း ထူးချွန်ထက်မြက် တော်စေချင်ပါကြောင်း၊ မိမိတို့လူမှုအသိုင်းအဝိုင်းတွင် ပျော်ရွှင်အောင်၊ တိုးတက်အောင်လုပ် ဆောင်ပေးနိုင်သည့် နိုင်ငံသားကောင်း သမီးကောင်းများသည် ဘဝ တိုးတက်အောင်မြင်ရေး လမ်းကြောင်းများကို ကြိုးစားရှာ‌ဖွေ ဆောင်ရွက်ကြပါရန် အထူး မှာကြားလိုပါကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များ ဖြစ်လာကြမဲ့ မျိုးဆက်သစ် လူငယ်များရဲ့ ပညာရည် မြင့်မားရေးကို ဆောင်ရွက်ရာမှာ အခြေခံပညာရေးဟာ များစွာအဓိကကျပါကြောင်း၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများအား တစ်ဆင့်ပြီးတစ်ဆင့် ပညာများကို ဆက်လက် သင်ယူနိုင်ရန်အတွက် ဆရာ၊ ဆရာမများအနေဖြင့် ကလေးများကျောင်းနေပျော်၍ စာတော်အောင်မည်သို့ ဆောင်ရွက်ရမည်ကို စဉ်စားရမှာ ဖြစ်ပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး မြို့နယ်၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြင့်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာ ဘာသာတွဲတွင် ပထမ၊ ဆဋ္ဌမဆုနှင့် ဝိပ္ပံဘာသာတွဲတွင် စတုတ္တဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု လက်မှတ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြင့်သည်။


ဆက်လက်ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်က (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆု များအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့က (၅)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား လည်းကောင်း၊ ခရိုင်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပညာရေးမှူးတို့က တိုင်းဒေသကြီးအဆင့် အောင်ချက် အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရှိကြသော မြို့နယ်များမှ မြို့နယ်ပညာရေးမှူးများနှင့် အောင်ချက် အကောင်း ဆုံးကျောင်းဆုရ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော ကျောင်းအုပ်ကြီးများထံသို့လည်း ကောင်း ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပသော မဲစာရင်းများ မှန်ကန်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တာဝန်ပေးအပ်ပွဲနှင့် သရုပ်ပြသပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအေးလှိုင်က မဲစာရင်းပြည့်စုံ မှန်ကန်ရေးဆောင်ရွက် ထားရှိမှုအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အိမ်ထောင်စုလူဦးရေစာရင်း software ထည့်သွင်းခြင်း လူပ်ငန်းလမ်းညွှန် Video Clip အား ပြသကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မဲစာရင်းပြည့်စုံ မှန်ကန်ရေး အိမ်ထောင်စုလူဦးရေ စာရင်း software ထည့်သွင်းနေမှု သရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)