ပေါင်မြို့နယ်အတွင်းရှိအိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များအား e-ID Software Program ဖြင့်ရိုက်သွင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်အတွင်းရှိအိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များအား e-ID Software Program ဖြင့်ရိုက်သွင်းဆောင်ရွက်




MNP ၊ ဇူလိုင်  ၁‌၈

ပေါင်မြို့နယ်အတွင်းရှိအိမ်ထောင်စု လူဦးရေစာရင်းပုံစံ  ၆၆/၆  များအား  e-ID   Software Program ဖြင့်ရိုက်သွင်းဆောင်ရွက်ခြင်းကိုယနေ့ နံနက်ပိုင်းက ဝါရီရူခန်းမ၌ စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှုးကျော်နိုင်ဦး ၏ ဦးဆောင်မှုဖြင့် မြို့နယ် ထွေ/အုပ် ၊လဝက၊ပညာရေး၊ကျေးလက်၊စည်ပင် စသည့်ဌာနဆိုင်ရာများက ပူးပေါင်း ပြီးကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Software Program သို့ထည့်သွင်းရာတွင် ကွန်ပျူတာကျွမ်းကျင်သူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ (၂)ဦး၊မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ(၈)ဦး ၊ စုစုပေါင်း ကွန်ပျူတာ ကျွမ်းကျင်သူ (၁၀)ဦးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး   လုပ်ငန်းဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် မြို့နယ်လဝက မှ တိုက်နယ်မှုးများ၏ ကွပ်ကဲမှု ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် အိမ်ထောင်စု (၇၄၃)စု နှုန်းဖြင့် အိမ်ထောင်စု (၄၄၆၀) စုအား ရက်(၆၀) အတွင်း စာရင်းသွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)