ပင်လောင်းမြို့နယ်တွင်Good Agricultural Practices(GAP)အသိအမှတ်ပြု လက်မှတ်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင်Good Agricultural Practices(GAP)အသိအမှတ်ပြု လက်မှတ်များပေးအပ်



MNP - ဇူလိုင်  ၁၈


စိုက်ပျိုးရေးတောင်သူများအနေဖြင့် Good Agricultural Practices(GAP)စနှစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းမွန်၍ ဈေးကွက်ဝင်ထုတ်ကုန်များဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် လက်ဖက်စိုက်တောင်သူများအား မြို့နယ် လက်ဖက်စိုက်တောင်သူ အစုအဖွဲ့မှ လက်ဖက်သီးနှံ(GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်းနှင့် (GAP)စနစ်ဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်း နည်းပညာပေးဟောပြောပွဲကို ယမန်နေ့က တောင်ထီဗွာကျေးရွာအုပ်စု ဝါးလီကျေးရွာတွင်ပြုလုပ်ခဲ့သည်။


ပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စု၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်လောင်းကြီးကျေးရွာ အုပ်စုများအတွင်းရှိ GAP အသိအမှတ်ပြုလက်မှတ်လျောက်ထားသည့် တောင်သူ၂၈၃ ဦး အတွက် အစုအဖွဲ့ GAPအသိအမှတ်ပြုလက်မှတ်ရလက်ဖက်သီးနှံ (၂၀၅) ဧကအားပေးအပ်ခြင်း အစီအစဉ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်နိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ဆွေဆွေမာက GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို နည်းပညာပေး ဟောပြောခဲ့ရာကျေးရွာအုပ်စုများမှ လက်ဖက်စိုက်တောင်သူ ၆၅ဦးတက်ရောက်ခဲ့ကြောင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မင်းထွန်းမှ GAPအသိအမှတ်ပြုလက်မှတ်ရရှိခြင်းနှင့် တောင်ထီဗွာကျေးရွာအုပ်စု စင်းဆင်းရွာမှ ဦးစိုင်းကျော်ဟိန်းမှ တောင်သူများကိုယ်စား ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။


သတင်း - ထွန်းလင်း


မြန်မာနေရှင်နယ်ရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)