MNP ၊ ဇူလိုင် ၂၄
ကန့်ဘလူမြို့နယ်နှင့် ရေဦးမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ သောင်းကျန်းနေသဖြင့် အမြန်ဆုံးနှိမ်နင်းဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများထံမှ ဆက်သွယ်ပြောကြားသည်။
ဒေသခံတစ်ဦးက "ကန့်ဘလူမြို့နယ်မှာ ပြည်သူ့စစ်ဖွဲ့စည်းနိုင်တဲ့ရွာတွေလည်း ဖွဲ့စည်းပြီး ကာကွယ်နိုင်တယ်။ NLD အစွန်းရောက် PDF အကြမ်းဖက်သမား စိုးမိုးနေတဲ့ ရွာတွေကတော့ ကျောက်တိုင်ရွာက ခေါင်းဆောင်တွေကတော့ ဖိုးတုပ်နဲ့နောက်ပါ ၁၀ယောက်လောက် ရှိပါတယ်။ ကျီစုရွာက NLD အစွန်းရောက် PDF ခေါင်းဆောင်တွေကတော့ ကံကြီးမောင်၊ ဖိုးထူး၊ ရင်မင်းအောင် နောက်ပါ၁၀ယောက်ထက်မနည်းပါဘူး။ အဖွဲများရှိပါတယ်။" ဟု ပြောသည်။
"ရေဦးမြို့နယ်မှာ NLD အစွန်းရောက် PDF. အကြမ်းဖက် စိုးမိုးနေတဲ့ရွာတွေက ရွာဗုကြီး၊ ရှမ်းဆိတ်၊ တပ်သက်နှစ်ရွာ၊ ဆီဆုံ၊ မုံတိုင်ပင်၊ အင်ပင်၊ ပင်စိမ်းကင်း၊ အောင်သာယာရွာတွေမှာ သောင်းကျန်းနေကြဆဲဖြစ်ပါတယ်။ ဌေးလွင်၊ ဇော်မင်း၊ မြင့်လှိုင်၊ သိန်းမြင့်၊ လှသိန်း၊ ဆန်းအေး၊ အောင်ထိုက်၊ မင်းထိုက်၊ မျိုးလင်းသူတို့က အပြင်ထွက်လှုပ်ရှားနေသူတွေပါ။ ရှမ်းဆိတ် က ခေါင်းဆောင်တွေကတော့ ကျော်ဝင်း၊ မိုးဒီ၊ အေးထွန်း၊ ဇော်မင်း၊ ဖိုးပြာ တို့ ဖြစ်ပါတယ်။" ဟု ဆက်သွယ်ပြောဆိုသည်။
အကြမ်းဖက်သမားများကို ရှင်းလင်းပေးမှသာလျှင် ပြည်သူများ မိမိတို့၏ လယ်ယာလုပ်ငန်းကို နောက်ကျောလုံလုံဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အန္တရာယ်ပြုမှုများ ရှိနေခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ စားသောက်ရေးအတွက် အခက်အခဲ အကြပ်အတည်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အကြမ်းဖက်သမားများကို အမြန်ဆုံးရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက ပြောဆိုသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment