NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခြင်း ခံခဲ့ရသော ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခြင်း ခံခဲ့ရသော ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်

 


MNP ၊ ဇူလိုင် ၂၅

NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခြင်း ခံခဲ့ရသော ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။

နေပြည်တော်မှ ရန်ကုန်နေအိမ်သို့ အပြန် အကြမ်းဖက်သမားများက နေအိမ်တွင် လာရောက်ပစ်ခတ်လုပ်ကြံခြင်းကို ခံခဲ့ရပြီး တပ်မတော်ဆေးရုံးတွင် ပြန်လည်ကုသမှုခံယူခဲ့ရပြီး ကာလရှည်ကြာ ပျောက်ကွက်နေရာမှ ဇူလိုင်လ ၂၂ ရက်နေ့က ရုရှားနိုင်ငံဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် အစည်းအဝေးကို တက်ရောက်ခဲ့သည်။


အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ အဆင့်မြင့် အရာထမ်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များမှ အဆင့်မြင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဘဏ်များမှ အဆင့်မြင့်အရာထမ်းများ တက်ရောက်ကြသည်။


NLD အစွန်းရောက် အကြမ်းဖက်သမားများသည် နိုင်ငံဝန်ထမ်းများ၊ ရဟန်းရှင်လူပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ ကျောင်းဆရာ/ဆရာမ၊ နိုင်ငံဝန်ထမ်း စုစုပေါင်း ၃၀၀၀ ကျော်အထိ NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)