နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများသို့ ပို့လွှတ်ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများသို့ ပို့လွှတ်ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး







MNP ၊ ဇူလိုင်၂၆

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများသို့ ပို့လွှတ်ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံရခြင်းနှင့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေနှင့် ပို့လွှတ်၊ ဖြန့်ဖြူးမှုအခြေအနေတို့ကို အများပြည်သူသို့သိရှိနိုင်ရန် အသိပေးပန်ကြားချက်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

အဆိုပါ ပန်ကြားချက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ပြည်သူလူထုနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်၊ ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုးတက်သုံးစွဲလာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် (၄၂၀၀) မဂ္ဂါဝပ်ခန့်ရှိသော်လည်း LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု(၇၅၀)မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်း(၂)လိုင်းမှာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားစနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၁၇၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ် တောက်လျက်ရှိ၍ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှု (၉၂၀) မဂ္ဂါဝပ်ခန့်မှာ လျော့နည်းလျက် ရှိသော်လည်း ယခုကာလတွင် မိုးရာသီရောက်ရှိပြီဖြစ်သဖြင့် ဓာတ်အားသုံးစွဲမှုလျော့ကျခြင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဆည်ရေရရှိမှု တိုးမြင့်လာမှုများကြောင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို သုံးစွဲသူများ စဉ်ဆက်မပြတ်ရရှိရေး ဓာတ်အားစနစ်အား ထိန်းညှိမောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း ဖော်ပြပါရှိသည်။


သို့ရာတွင် (၂၁-၇-၂၀၂၂)ရက်နေ့၌ ဇောတိကဓာတ်ငွေ့ပိုက်လိုင်းမှာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ၎င်းဓာတ်ငွေ့ရယူသုံးစွဲလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားပမာဏ (၂၀၀)မဂ္ဂါဝပ်ခန့်မှာ ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်နိုင်မှုမရှိခြင်းနှင့် အထက်ပိုင်းဓာတ်အားစနစ်အတွင်းရှိ ၁၃၂ ကေဗွီ ရွှေစာရံ-တံခွန်တိုင် ဓာတ်အားလိုင်းတာဝါတိုင်၏ မူလီများဖြုတ်ယူ၍ ပြိုလဲအောင်ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားလိုင်းတာဝါတိုင်(၂)တိုင် လဲကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်း စသည်များကြောင့် (၂၄-၇-၂၀၂၂)ရက်နေ့တွင် ဝန်အားသုံးစွဲမှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုအခြေအနေများအရ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုလျော့ နည်းကာ ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် (၂၆-၇-၂၀၂၂) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ၁၃၂ ကေဗွီ တီကျစ်-ကလော ဓာတ်အားလိုင်းမှာ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သလို ၂၃၀ ကေဗွီ ရွှေစာရံ-အောင်ပင်လယ် ဓာတ်အားလိုင်းမှာလည်း ထပ်မံ၍ ဓာတ်အားပြတ် တောက်ခဲ့သဖြင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း(၁၁၂၀)မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသဖြင့် ဓာတ်အားစနစ်တည်ငြိမ်မှုလျော့ကျကာ (၁၅:၃၆) အချိန်ခန့်တွင် ဓာတ်အားပြတ်တောက်မှု ထပ်မံဖြစ်ပေါ်ခဲ့ရကြောင်း၊ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေများကို အမြန်ဆုံးဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ဓာတ်အားပို့လွှတ်လျက်ရှိသည့် မဟာဓာတ်အားလိုင်းများနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရသည့်အပေါ် ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် လြှပျစဈစှမျးအားဝနျကွီးဌာန မေတ္တာရပ်ခံပန်ကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)