MNP ၊ ဇူလိုင် ၄
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်၊ ဒေါင်းသာကျေးရွာရှိ သာသနာ့ဝံသဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တပဝရ သက်တော်(၅၉)နှစ်၊ ဝါတော်(၁၂)ဝါသည် ပေါက်မြို့နယ်၊ လယ်လန်းကျေးရွာဘက်သို တစ်ပါးတည်းဆိုင်ကယ်ဖြင့် သွားရောက်စဉ် လယ်လန်းကျေးရွာအနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာတော်စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို တားဆီး၍ ဆရာတော်အား အကြောင်းမဲ့ဖမ်းဆီး၍ ကျားပစ်ကန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားပြီး ဇူလိုင် ၃ ရက် နံနက် ၉ နာရီခန့်တွင် ကျားပစ်ကန်ကျေးရွာအနီး၌ ဆရာတော်၏ လည်ပင်းအား ဓားဖြင့် ရက်စက်စွာခုတ်ခဲ့သဖြင့် ဆရာတော်သည် အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၀ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ သံဃာတော်အား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး နိုင်ရေး ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment