တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်တွေခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်တွေခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ



MNP ၊ ဩဂုတ်  ၂၇

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်တွေခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်းက ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာရုံး၌ကျင်းပသည်။

အခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးဝင်း က ဂုဏ်ပြု အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူးက စစ်တွေခရိုင်ရုံးမှ ဦးစီး အရာရှိ၏သား ဘာသာစုံဂုဏ်ထူးရှင် မောင်ကျော်ဇင်ထွန်းနှင့် ပေါက်တောမြို့နယ်ရုံးမှ လက်ထောက် ဦးစီးမှူး၏သား (၄)ဘာသာဂုဏ်ထူးရှင် မောင်အောင်နိုင်ဝင်းတို့ကို ဂုဏ်ပြုဆုငွေ၊ ဆုတံစိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာတို့ကိုပေးအပ်သည်။ ထို့နောက် စစ်တွေခရိုင်ဦးစီးမှူးက ပုဏ္ဏားကျွန်း မြို့နယ်ရုံးမှ ဦးစီး အရာရှိ၏သား (၂)ဘာသာဂုဏ်ထူးရှင် မနေခြည်လင်းထက်နှင့် တစ်ဘာသာဂုဏ်ထူး ရရှိကြသူများဖြစ် ကြသော ပေါက်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဝန်ထမ်းများ၏ သားသမီးများကို ဂုဏ်ပြု ဆုငွေ၊ ဆုတံစိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်တွေခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များအားဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ဘာသာစုံဂုဏ်ထူးရှင်တစ်ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်သုံးဦးတို့အား ဂုဏ်ပြုဆုငွေ၊ ဆုတံစိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)