MNP - ဩဂုတ် ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသော ဝါဆိုသံဃာတော်များနှင့် သီလရှင်ဆရာ ကြီးများအား ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ဟိုပန်မြို့နယ်၊ (၃၁)ဘုံ စေတီကုန်းဗဟိုသာသနာပြုကျောင်းတိုက်သို့ သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ဇော်ဦးနှင့် ဝန်ထမ်းများက ဟိုပန်မြို့နယ်၊(၃၁)ဘုံစေတီကုန်း ဗဟိုသာသနာပြုကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကြီးထံသို့ ဆွမ်းဆန်(၅) အိတ်၊ ဆီ(၂၀)ပိဿာ၊ဆား(၅)ပိဿာနှင့် ကုလားပဲ(၂၀)ပိဿာ အမယ်လေးမျိုးအား ဆက်ကပ်လှူဒါန်း ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဝါတွင်းကာလ သီတင်းသုံး တော်မူကြကုန်သော ဝါဆိုသံဃာတော်များကို ဆွမ်းဆန်တော်၊ဆီ၊ဆား၊ကုလားပဲစသည့် အမယ် လေးမျိုးအား ဆက်လက်လှူဒါန်းသွားမည် ဖြစ်ပါကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်း သား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - ဇင်ဇင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment