မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုအား ကွင်းဆင်းစစ်ဆေး




MNP ၊  ဩဂုတ် ၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/ သူများအား မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အမှာစကား ပြောကြားရာ မိမိတို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် နှင့်အညီ ပြည်သူများ လူမှုဘဝပြည့်စုံစေရန် ကိုင်ဆောင်သင့်ကိုင်ဆောင်ထိုက်သည့် ကတ်ပြား တစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များအား တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများအထိ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့်ရရှိလာမည့် အကျိူးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် နည်းလမ်းများ၊ ‌ကျောင်းသား/သူများ အသက် (၁၀)နှစ်ပြည့်နှင့် အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။


ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးရာတွင် အသက် (၁၀)နှစ်ပြည့်နှင့် အသက်(၁၈) နှစ်ပြည့် ကျောင်းသား/သူ ၁၆၅ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးသို့ သွားရောက်၍ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ e-ID စနစ်  Software Program ရေးသွင်းနေမှုအား ကြည့်ရှု၍ နိုင်-၄ ကိုယ်ရေးအချက်အလက်များကို အခြေခံ၍ တိကျမှန်ကန်သော အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ဖြစ်စေရေးအတွက် Program စနစ်တစ်ခုဖြင့် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း လူဦးရေစာရင်းနှင့် ပတ်သက်သည့်အကြောင်း အရာများကို သိရှိနိုင်ရန်နှင့် မှန်ကန်တိကျသော အ‌ထောက် အထားများကို အမြန်ဆုံး သိရှိအထောက်အကူ ဖြစ်စေရန်အတွက်  အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) များအား Software Program ထည့်သွင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။


ကိုအောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)