MNP - သြဂုတ် ၆
မြစ်ကြီးနားတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် သမိုင်းအသင်းနှင့်ဘူမိအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဍကျော်ထင်ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ သယံဇာတ ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာများ၊ ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုအားပေး ခဲ့ကြရာ သမိုင်းအသင်းက ဘူမိအသင်းအား ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးတို့က အမျိုးသား/ အမျိုးသမီးအသင်းများမှ နေရာအလိုက်အကောင်း ဆုံးကစားသမား ဆုများ၊ အကောင်းဆုံးကစားဆုများနှင့် တတိယ၊ ဒုတိယဆုရအသင်းများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဆုရအမျိုးသမီး အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းနှင့် ဒိုင်းဆုကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆုရအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းနှင့် ဒိုင်းဆုတို့ကိုလည်းကောင်း အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မြစ်ကြီးနားတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်နေ့ မှစတင်၍ တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ အမျိုးသားပြိုင်ပွဲဝင်ဘောလုံးအသင်း (၁၀) သင်း၊ အမျိုး သမီးပြိုင်ပွဲဝင် ဘောလုံးအသင်း (၅)သင်းတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment