MNP - ဩဂုတ် ၆
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နေ့လယ်ပိုင်းက စာအုပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းနွယ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စာကြည့်တိုက် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးချိုချိုက စာကြည့်တိုက်များ ရှင်သန်ရေးအတွက် စာအုပ်များ လှူဒါန်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ စာရေးဆရာ အကြီးကိုကို(ကသာ)က ပြည်သူ့စာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ အကြီးကိုကို(ကသာ)က မော်လမြိုင်ခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် တန်ဖိုးငွေ (၂)သိန်း၊ မြို့နယ်/မြို့ရုံး ပြည်သူ့စာကြည့်တိုက်အတွက် တန်ဖိုးငွေ (၅) သောင်းစီတန်ဖိုးရှိ သုတစာအုပ်များအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်/မြို့ ဦးစီးမှူးများက အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment