MNP - ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားအား လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဦးဇော်မျိုးညွန့်၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ဇွဲသူဟိန်း၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးသီဟဇော်နှင့် မြို့မိမြို့ဖ ဒေါက်တာလှဟန် တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ဂီတအစည်းအရုံးမှ ရွှေတံဆိပ်ဆုများရှင် ဆရာစန္ဒယားစိန်မြင့်အောင် ရေးစပ်သီကုံးသော ရေးဆိုတီးက မြန်မာ့ဂီတသီချင်းဖြင့် ပြိုင်ပွဲဝင်များက ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပြီး (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲအား အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်အောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment