မြန်အောင်ခရိုင်၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်ခရိုင်၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပပြုလုပ်

 



MNP - သြဂုတ်   ၆


ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က  မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်း အကွက်အမှတ် (၅၂) ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ် ၇၆/၅ အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးမြင့်ကျော်၊ ဟင်္သာတခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးတင်အုန်းကျော်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်တို့မှ သစ်တောဦးစီးဌာန ဦးစီးအရာရှိများနှင့်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၅၀၀)ကျော်တို့က ကံ့ကော်(၁၀)ပင်၊ကျွန်း (၁၃၀)ပင်၊ ပျဉ်းကတိုး (၅၀)ပင်၊မဏီသြဂ (၅၀)၊  မန်ဂျန်ရှား(၅၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ ယမနေ (၂၅)ပင်၊ ပိတောက်(၅၀)ပင် ၊ကုတ်ဟဲ(၁၀၀)ပင်၊ တောင်သရက်(၅၀)ပင်၊ ကညင်(၅၀) ပင်စုစုပေါင်းအပင်ပေါင်း (၁၂၄၅)ပင် တို့အား စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်းသိရသည်။


မြန်အောင်ခရိုင်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မြို့နယ်အဆင့်(၅)ပွဲ၊ ခရိုင်အဆင့် (၁) ပွဲ စုစုပေါင်း(၆)ပွဲ ပျိုးပင်ပေါင်း (၄၇၃၀)ပင် စိုက်ပျိုးပြီးစီးကြောင်းနှင့် ၂၀၂၂ ခုနှစ် မိုးရာသီ တွင် နိုင်ငံပိုင်သစ်တော စိုက်ခင်း (၁၀၀၀) ဧကမှ (၉၇၅၅၀၀) ပင်၊ သဘာဝ တောတန်ဖိုး    မြှင့်(၅၀၀) ဧကမှ  (၃၅၀၀၀)ပင်၊ စိုက်ခင်းဟောင်း ပြန်လည်ပြုစုထိန်းသိမ်းခြင်း (၁၂၆၁) ဧကမှ (၆၈၀၉၄၀)ပင်၊ ဒေသပိုင်ပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း (၄၅၉) ဧကမှ (၆၈၈၅၀) ပင်၊ ပုဂ္ဂလိကစိုက်ခင်းတည် ထောင်ခြင်း (၁၁၅) ဧကမှ(၆၉၃၀၀)ပင်၊ လူထုဖြန့် ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်း (၄၁၀၀၀၀) ပင် စိုက်ပျိုးပြီးဖြစ်ကြောင်း မြန်အောင် မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးထံမှ သိရှိရသည်။


သတင်း - ဝင်းဗိုလ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)