ဖျာပုံမြို့ နယ်နှင့်အမာမြို့ အတွင်းရှိကြေးတိုင်အင်းများအတွင်းသို့ ငါးတန်သား ပေါက်ကောင် ရေ(၇)သိန်းကျော် ငါးမျိုးစိုက်ထည့်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့ နယ်နှင့်အမာမြို့ အတွင်းရှိကြေးတိုင်အင်းများအတွင်းသို့ ငါးတန်သား ပေါက်ကောင် ရေ(၇)သိန်းကျော် ငါးမျိုးစိုက်ထည့်ပွဲ ပြုလုပ်



MNP - သြဂုတ်   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နှင့် အမာမြို့အတွင်းရှိ ပြည်သူများ ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ အင်းများအတွင်း ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်စေရေးတို့ကို ရည်ရွယ်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ဖျာပုံမြစ်အတွင်းနှင့် မြို့နယ်အတွင်းရှိ ကြေးတိုင်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့် ပွဲပြုလုပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးဆိပ်ကမ်းနှင့် ကြေးတိုင်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ကျင်းပပြုလုပ်သည်။

အဆိုပါ ကြေးတိုင်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရာသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးမှူးနှင့် ဖျာပုံမြို့နယ်နှင့် အမာမြို့ ငါးလုပ်ငန်းဦးစီးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖျာပုံမြစ်အတွင်းနှင့် မြို့နယ်အတွင်းရှိ ကြေးတိုင်အင်းများအတွင်းသို့ ငါးတန်ငါးသားပေါက်ကောင်ရေ (၇)သိန်း၊ (၄)သောင်း ကျော်အား ပြည်သူများ ငါးသယံဇာတများရေရှည်ဖွံ့ ဖြိုးတိုးတက်စေရေး၊ အင်းများအတွင်း ငါးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်စေရန်အတွက် ဖျာပုံမြစ်အတွင်းနှင့်မြို့နယ်အတွင်းရှိ ကြေးတိုင်အင်း များ အတွင်းသို့ လိုက်လံငါးမျိုး စိုက်ထည့်ခဲ့ကြကြောင်း၊ ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)