အိမ်မဲမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးအပိုထပ်ဆောင်းအနေဖြင့် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးအပိုထပ်ဆောင်းအနေဖြင့် ထိုးနှံပေးလျက်ရှိ

 



MNP - သြဂုတ်   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင်မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်မှပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုထပ်ဆောင်းအနေဖြင့် ဩဂုတ်လ ၁၉ ရက် နံနက် ၉ နာရီမှစတင်ကာ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


“ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးတဲ့ပြည်သူတွေကို အပိုထပ်ဆောင်အနေနဲ့ ထပ်မံထိုးနှံ ပေးတာဖြစ်ပါတယ်။ ဆေထိုးတဲ့နေရာမှာလည်း ဆေးမထိုးမှီ အပူချိန်တိုင်း တာခြင်းနဲ့သွေးပေါင်ချိန်ခြင်း တို့ကိုလည်းဆောင်ရွက်ပေးပါတယ်။ ဆေးထိုးပြီး နာရီဝက်ခန့် စောင့်ကြည့်ပြီးမှ ဆေးထိုးစုရပ်ကထွက် ခွာစေတာဖြစ်ပါတယ်။ မနက်ပိုင်းကတော့ ချောင်းဝပိုင်းရပ်ကွက်နဲ့ အထက်ပိုင်းရပ်ကွက်ကိုထိုးနှံပေး တာဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာတော့ ကျန့်တဲ့ရပ်ကွက်တွေကိုထိုးနှံပေးမှာပါ။ ယခုလက်ရှိလူဦးရေ (၁၀၀)ကျော် လောက်ကို ထိုးနှံပြီးဖြစ်ပါတယ်လို့” ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရသည်။


အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍မြို့နယ် အတွင်း ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)