MNP - သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် Myanmar Convention Centre (MCC)၌ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေအား ယနေ့နံနက်ပိုင်း က ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မရမ်းကုန်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်၊ အလုံခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇာနည်လွင်၊ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဇော်အောင်တို့မှ လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - အေးအေးအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment