ကျိုက်မရောမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

 



MNP - သြဂုတ်   ၂၃


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ခွဲ) ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ကျိုက်မရောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်စားဦးရေမှာ ၇၀၀ ကျော်ရှိသဖြင့် အငြိမ်းစား ပင်စင်စား အသက်ကြီးသူများနှင့် ကျန်းမာရေး မကောင်းသည့်သူများအား ကိုယ်စားလှယ် လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေလွယ်ကူစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ စီစဉ်ဆောင်ရွက်ပေးထားပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ်(၂၁)ရက်နေ့မှစ၍ လကုန်ရက်များအထိ ဘဏ်ဖွင့်ချိန်အတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်မာမာလွင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)