MNP - ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နမ့်စန်တပ်နယ်၏ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု ရှိ အမှတ်(၁၀၀၅) လေကြောင်းရန်ကာကွယ်ရေး တပ်ရင်းအတွင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်နှင့် နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း တို့ကပျိုးပင်များ ပေးအပ်ခဲ့ရာ အမှတ်(၁၀၀၅)လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှူး ဗိုလ်မှူးဇာနည်ဝေ နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊စစ်သည်၊ ရဲမေများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်က ခါတော်မှီ၊ ယူကလစ်၊ ထောပတ်၊ မယ်ဇလီ နှင့် စွယ်တော်၊ ပျိုးပင် စုစုပေါင်း (၃၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment