MNP - ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများကို အသက်(၅)နှစ်မှ(၁၅)အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပကလေးသူငယ်များ၊ အသက်(၁၅)မှ(၁၈) နှစ်အတွင်းရှိ သာမဏေများ၊ သီလရှင်များ၊ ကျောင်းသား/ကျောင်းသူများ၊ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကို ပထမ အကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး (၂၃၃၄၃)ဦး ထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာ၌ ပထမအကြိမ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ် ကျောင်းသား/ကျောင်းသူနှင့်ကျောင်းပြင်ပ ကလေး ငယ်(၂၉၇၉၆)ဦး၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေ၊သီလရှင်နှင့် ကျောင်းသား၊ ကျောင်းသူ(၁၄၈၄)ဦး၊ အသက်(၁၂)နှစ် အထက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၈၄၉၆) အသက် (၁၈)နှစ်အထက် ပြည်သူ (၁၆၇၆၂၁)ဦး၊ စုစုပေါင်း(၂၀၇၃၉၇)ဦးနှင့် ဒုတိယအကြိမ်တွင် အသက်(၅)နှစ်မှ(၁၅)နှစ် ကျောင်းသား/ကျောင်းသူနှင့် ကျောင်းပြင်ပကလေးငယ်(၂၅၆၃၄)ဦး၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေ၊ သီလရှင်နှင့် ကျောင်းသား၊ကျောင်းသူ (၁၀၃၀)ဦး၊ အသက်(၁၂)နှစ်အထက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်း သား၊ ကျောင်းသူ(၈၁၃၉)ဦး၊ ပြည်သူ(၁၅၁၇၃၇)ဦး၊ စုစုပေါင်း (၁၈၆၅၄၀)ဦးနှင့် တတိယအကြိမ်ထပ်ဆောင်းကာကွယ်ဆေး (၂၃၃၄၃)ဦးအား ကာကွယ်ဆေးများထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လွမ်းခြုံမှုရှိစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခြင်း၊ အခြေခံပညာ ကျောင်း (၆၄) ကျောင်းနှင့် စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမ၊ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှစသည့် ပြည်သူ့ ကျန်းမာရေးဌာနခွဲများတွင် ပထမအကြိမ်၊ ဒုတိဘအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment