ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ



MNP ၊ ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များနှင့် ဌာနဆိုင်ရာအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လမ်းညွှန်ချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက လုံခြုံရေး၊ ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာကိစ္စရပ်များ၊ ဌာနဆိုင်ရာများအလိုက် ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအား ကဏ္ဍအလိုက် အကြံပြု တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက်များအား Software Program အတွင်း ရာနှုန်းပြည့်ထည့်သွင်းပြီးစီးမှု ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက်များ Software Program အတွင်း ရာနှုန်းပြည့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) အချက်အလက်များအား Software Program အတွင်း ရာနှုန်းပြည့် ပထမဆုံးပြီးစီးခဲ့သည့် သာယာဝတီခရိုင်အား ဂုဏ်ပြုငွေကျပ်(၁၅)သိန်း၊ ဒုတိယပြီးစီးခဲ့သည့် ညောင်လေးပင်ခရိုင်အား ဂုဏ်ပြုငွေကျပ်(၁၀)သိန်းနှင့် ကျန်ခရိုင်(၄)ခုအား ဂုဏ်ပြုငွေကျပ် (၅)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအနေဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)စုစုပေါင်း(၁၁၀၆၃၆၈)ခု ထည့်သွင်းခြင်းအား ဇူလိုင်လ(၁၈)ရက်နေ့မှစတင်၍ ဌာနဆိုင်ရာဝန်ထမ်း ဦးရေ(၇၈၈)ဦး၊ ကွန်ပျူတာအလုံးရေ (၆၄၆)လုံးဖြင့် ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ(၁၅)ရက်နေ့တွင် ရာနှုန်းပြည့် ထည့်သွင်းပြီးစီးခဲ့ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲကာလတွင် ခရိုင်/မြို့နယ်များသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုစုပေါင်းကျပ် (၄၂၀)သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)