မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်သပြေညိုခန်းမ၌ ထောက်ကြန့်ရတနာဈေး အခြေခံအလုပ်သမားအဖွဲ့အစည်း၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်သပြေညိုခန်းမ၌ ထောက်ကြန့်ရတနာဈေး အခြေခံအလုပ်သမားအဖွဲ့အစည်း၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ



MNP - သြဂုတ်  ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြန့် သပြေညိုခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ထောက်ကြန့် ရတနာဈေး အခြေခံအလုပ်သမားအဖွဲ့အစည်း၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။


အဆိုပါ နှစ်ပတ်လည်အခမ်းအနားသို့      အမြို့မြို့အနယ်နယ်မှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောပ ရဟိတအဖွဲ့ဝင်များ၊ ထောက်ကြန့် မြို့မိမြို့ဖများနှင့် သပြေညိုပညာဒါန အကျိုးဆောင်အသင်းမှ နာယက၊ ဥက္ကဋ္ဌ ဦးတင်ညွန့်၊ ဒုဥက္ကဋ္ဌ ဦးခင်စိုးနှင့် အလုပ်အမှုဆောင်များ ဘာသာရေးကျောင်း များမှ ဂေါပကများနှင့် အဖွဲ့ဝင်များတိုင်း၊ ခရိုင်၊ မြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားအား အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပလျက်ရှိပြီး အစီအစဉ် ၁ အရ ထောက်ကြန့် ရတနာသီရီဈေး အခြေခံအလုပ်သမားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်နိုင်စိုးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အစီအစဉ် ၂ အရ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးနေလင်းအောင်မှ မုဒိတာစကားပြောကြားခြင်း၊ အစီအစဉ် ၃ အရ အနယ်နယ်အရပ်ရပ်မှ အဖွဲ့ချုပ်များမှပေးပို့သော သဝဏ်လွှာများအား တက်ရောက်လာသည့် မြို့နယ်များ၏ တာဝန်ခံများမှဖတ်ကြားခြင်း၊ အစီအစဉ် ၄ အရ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းကြီး၏ ကြီးကြပ်ရေးမှူး ကော်မတီဥက္ကဋ္ဌ ဦးနေဆန်းမှလည် မုဒိတာစကားများပြောကြားခြင်း၊ အစီအစဉ် ၅ အရ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်ကြိုင်မှလည်း ကျေးဇူးတင်စကားများပြောကြားပြီး အကျိုးဆောင်အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်နှင့် နာယကများမှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ ဦးမောင်ကြိုင်မှ ကြွရောက်လာသူအားလုံးအား ထမင်းဟင်းလျာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


သတင်း - မြတ်မွန်ခင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)