KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင် ၂ ခုအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင် ၂ ခုအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်




MNP ၊ ဩဂုတ်  ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါ တိုင် ၂ ခု အား ဩဂုတ် ၂၀ ရက် ည ၁၁ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရှိ သည်။

ဖြစ်စဉ်မှာ မော်လမြိုင်-မြဝတီဓာတ်အားလိုင်း ၂၃၀ ကေဗွီတာဝါတိုင်အမှတ်၊ ၁၇၂ နှင့် တာဝါတိုင် အမှတ်၊ ၁၇၃ တို့အား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဩဂုတ် ၂၀ ရက် ည ၁၁ နာရီခန့်တွင် မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တာဝါတိုင်အမှတ်၊ ၁၇၂ တွင် အောက်ခြေတိုင် ၁ တိုင်ပျက်စီးခဲ့ပြီး တာဝါတိုင်အမှတ်၊ ၁၇၃ သည်မြေပြင်တွင် လဲကျပျက်စီးခဲ့ကာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့များတွင် ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးလျက်ရှိသော တာဝါတိုင်များအား ပြန်လည် ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)