ထားဝယ်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၈/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၈/၂၀၂၂)ဖွင့်လှစ်



MNP - သြဝုတ်   ၆


တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ထားဝယ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်းဆိုင်ရာလူသုံး ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း(၈/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်း က ထားဝယ်မြို့၊ ကူးတို့ကျေးရွာ၊ ဝိသုဒ္ဓရဘုန်းကြီး ကျောင်း၌ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


မြို့ပြနေအခြေခံလူတန်းစားများအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်ဒေသတွင်းကုန် ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရန်၊ ဒေသထွက် ကုန်များအား တန်ဖိုးမြှင့်ကုန်ပစ္စည်းများ အဖြစ် ထုတ်လုပ်ပြီးစီးပွားရေးဖွံ့ဖြိုး တိုးတက်လာ စေရန်၊ လူသုံးကုန်ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သတ်၍ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ ပြည်ပမှတင်သွင်းသော လူသုံးကုန်ပစ္စည်းများနေရာတွင် ပြည်တွင်းဖြစ် လူသုံးကုန်ပစ္စည်း များဖြင့်အစားထိုးရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန်၊ တစ်ဦးချင်းဝင်ငွေတိုးစေရန်၊ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်တွင်းမှဝယ်ယူရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများကိုအခြေခံ၍ လူသုံးကုန ်ပစ္စည်းအမျိုးမျိုးကို သွင်းကုန်အစားထိုးထုတ် ကုန်ပစ္စည်းများအဖြစ် နည်းစနစ်တကျထုတ်လုပ်၍ အသေးစားကုန်ထုတ် လုပ်ငန်းများ ထူထောင်လုပ် ကိုင်နိုင်စေရန်အတွက်လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင် တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနထံမှသိရသည်။


ဖွင့်ပွဲတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း က ပြည်တွင်း မှ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများအဖြစ်နည်းစနစ်တကျ ထုတ်လုပ်လာနိုင်ကာ မိမိတို့၏ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ One Village One Product အဖြစ် ထုတ်ကုန်အသစ်များပေါ်ထွက်လာစေရန်၊ ပြည်တွင်းဖြစ် နိုင်ငံခြားစံချိန်မီအရည်အသွေးကောင်းမွန်သော လူသုံးကုန် ပစ္စည်းများ ပေါ်ထွက်လာစေရန်၊ လူသုံးကုန်ထုတ်လုပ်နည်းပညာများ ဖြန့်ဝေခြင်းဖြင့်အသေး စားစက်မှုလက်မှုလုပ်ငန်း များအား အားပေးမြှင့်တင်ရန်၊ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင် ရွက်လာနိုင်စေရန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအကြောင်း သိရှိလာပြီးလုပ်ငန်း မှတ်ပုံတင်များ တိုးပွားလာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။


သင်တန်းတွင် ရေချိုးဆပ်ပြာ (Body shower) ပြုလုပ်နည်း၊ ရေမလိုလက်သန့်ဆေးရည် (Hand Sanitizer)၊ ပန်းကန်ဆေး ဆပ်ပြာဆီ (Dish Wash)၊ အဝတ်လျှော်ဆပ်ပြာဆီပြု လုပ်နည်း(Washing)၊ လက်ဆေးဆပ်ပြာဆီပြုလုပ်နည်း၊(Hand Wash) ဖယောင်းတိုင်(အကြည်/အနောက်)ပြုလုပ်နည်း၊ မှန်ကြည်ဆေးပြုလုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာခဲပြုလုပ်နည်း၊ ခေါင်းလျှော် ရည်(Herbal Shampoo)၊ ဆပ်ပြာခရင်မ် ပြုလုပ်နည်း၊ အထည်အမွှေးဆီ ပြုလုပ်နည်း၊ ဆပ်ပြာမှုန့် ပြုလုပ်နည်းများကို သင်တန်းသား/သူ(၂၀)ဦးအား သြဂုတ် ၉ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေး သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - ရွှေပင်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)