မင်းဘူး(စကု)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

 




MNP - ဩဂုတ်   ၆


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဩဂုတ်လ ၄ ရက်မှစတင်ကာ မြို့နယ်အတွင်းရှိကျေးရွာများ၌ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံပြီး ဆွေးနွေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးပင်ကျေးရွာနှင့် ကန်ရေကျေးရွာတို့တွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူး (စကု) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝင်းဇင်မိုး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဝင်းတို့ ဦးဆောင်ပြီး မြို့နယ် အဆင့် ဌာဆိုင်ရာတာဝန်ရှိသူများက ဩဂုတ် ၄ ရက်တွင် ရွာသာယာကျေးရွာ၌ လည်းကောင်း၊ ဩဂုတ် ၅ ရက်တွင် ရေပုတ်ကျေးရွာနှင့် မောင်းမကန်ကျေးရွာ၌လည်းကောင်း၊ ဩဂုတ် ၆ ရက်တွင် လေးပင်ကျေးရွာနှင့် ကန်ရေကျေးရွာ၌လည်းကောင်း သွာရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့သည်။


ထိုသို့တွေ့ဆုံစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းဇင်မိုးနှင့်  အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဝင်းတို့က လာရောက်တွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာနများအလိုက် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက ကျေးရွာအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ အဆောက်အဦ၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုစေရေန် မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေး နိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေရရှိရေးနှင့် ဆည်ရေပေးဝေရာ၌ ရေမြောင်းများ ပြုပြင်ဆောင်ရွက်ပေး နိုင်ရေးစသည့် လိုအပ်သောကိစ္စရပ်များကို တင်ပြခဲ့ရာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)