နောင်ချိုမြို့နယ်၌ ၂၀၂၂ ခုနှစ် ဗဟာဒူးဖူဆယ်ဖလားပြိုင်ပွဲ ဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ ၂၀၂၂ ခုနှစ် ဗဟာဒူးဖူဆယ်ဖလားပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်



MNP - ဩဂုတ်   ၆


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဗဟာဒူးဖူဆယ်ဖလား ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က ဗဟာဒူးစံချိန်မီ ဖူဆယ်အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ချိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးစစိုးမင်းချစ်က “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး”နှင့် “မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး” စတဲ့တာဝန်တွေကို အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ လူငယ်မျိုးဆက်သစ်များနှင့် အားကစားသမားကောင်းများ မွေးထုတ်ပေးစေလိုကြောင်း၊ မြို့နယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့်လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးမှု ရှိစေလိုကြောင်း၊ မြို့နယ်၏ အားကစားကဏ္ဍတိုးတက်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေလိုကြောင်း၊ အားကစားသမားများအနေဖြင့်လည်း  အနိုင်မခံအရှုံးမပေးသော ဇွဲစိတ်ဓါတ်အပြည့်အဝနှင့် မိမိတို့၏ ရပ်ကွက်/ကျေးရွာကိုယ်စားပြုများဖြစ်စေ လိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း သက်ဆိုင်ရာ ရပ်ကွက်အလိုက် အားကစားသမားများအား လိုအပ်သည်များကို မှာကြားခဲ့ပြီး ဖူဆယ်ဖလားပြိုင်ပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။


သတင်း - ထွေးငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)