ကျောက်ဆည်မြို့နယ်တွင် မိုးစပါးသီးနှံ(၅၂၈၁၇)ဧကလျာထားပြီး သိပ္ပံနည်းကျစနစ်ဖြင့်(၁၂၈)ဧကစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် မိုးစပါးသီးနှံ(၅၂၈၁၇)ဧကလျာထားပြီး သိပ္ပံနည်းကျစနစ်ဖြင့်(၁၂၈)ဧကစိုက်ပျိုး



MNP - ဩဂုတ်   ၂၆


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါးသီးနှံ(၅၂၈၁၇)ဧက လျာထားပြီး သိပ္ပံနည်းကျစနစ်ဖြင့် (၁၂၈)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သိပ္ပံနည်းကျပျိုးထောင်စိုက်ပျိုးသွားမည်ဆိုပါက စပါးတစ်ဧကအတွက် မျိုးစေ့(၁၀)ပြည် အသုံးပြုရကြောင်းနှင့် ပျိုးသက်နုချိန် စပါးပျိုးသက်(၂၅)ရက်သားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရပြီး စိုက်ပျိုးရာတွင် ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် ကောက်ကွက်တစ်ကွက်တွင် ပျိုးပင်(၂)ပင်မှ(၃)ပင်နှုန်း၊ တန်းကြား (၈)လက်မ၊ ပင်ကြား(၆)လက်မ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်တွင် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနုတ်ခြင်း၊ကောက်ကွက်ဖာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ (၄၅) ရက်ရောက်ရှိပါက ဒုတိယအကြိမ်ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနုတ်ခြင်းများဆောင်ရွက်ပြီး (၆၅)ရက် ရောက်ရှိသည့်စပါးနှံသန္ဓေကပ်ချိန်နှင့် ရက်ပေါင်း (၁၀၅)ရက်ရောက်ရှိချိန်တွင် မြေဩဇာကျွေးခြင်းများ ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း ရက်ပေါင်း(၁၃၅)ရက်ကျော်လွန်ပါက စပါးရိတ် သိမ်းခြင်းများ ဆောင်ရွက်ရကြောင်းသိရသည်။


သိပ္ပံနည်းကျစနစ်ဖြင့် စနစ်တကျစိုက်ပျိုးပါက အောင်မြင်သန့်ရှင်းသောမျိုးကောင်းမျိုးသန့်များ ရရှိခြင်း၊ အထွက်နှုန်းကောင်းမွန်မှုသေချာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ်အနေဖြင့် သိပ္ပံနည်းကျမိုးစပါးများကို တိုက်နယ်(၁)တွင်(၁)ဧက၊ တိုက်နယ် (၉) တွင်(၅၂)ဧက၊ တိုက်နယ်(၁၀) တွင်(၁၅)ဧက၊ တိုက်နယ်(၁၁)တွင်(၆၀)ဧက၊ စုစုပေါင်း(၁၂၈)ဧက စိုက်ပျိုးထားကြောင်းနှင့် မြို့နယ်ရေအသုံးချမှုနှင့်စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ လုံလောက်စွာပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)